Ya Boy Kongming! (2022)
ဇာတ်လမ်းအကျဉ်း - တရုတ်ပြည် သုံးပြည်ထောင်ခေတ်ရဲ့ စစ်သူကြီးခုံးမင်ဟာ စစ်ပွဲပေါင်းများစွာရင်ဆိုင်ဖြတ်သန်းလာပြီးတဲ့နောက်မှာသမိုင်းမှာ ကျော်ကြားထက်မြက်တဲ့ iq မြင့်စစ်ဗျူဟာမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့သူသေခါနီးမှာတော့နောက်ဘဝသာရှိရင် အေးချမ်းပြီးကြွယ်ဝတဲ့နိုင်ငံတစ်ခုမှာပဲ ပြန်လည်မွေးဖွားခွင့်ရဖိုဆုတောင်းခဲ့ပါတယ်။
ဆန်းကြယ်လှတဲ့ကံကြမ္မာနဲ့ ပြန်လည်မွေးဖွားမှုကြောင့် သူဟာရှေးခေတ်တရုတ်ကနေ နှစ်ထောင်ပေါင်းများစွာအကြာ ယနေ့ခေတ်ဂျပန်နိုင်ငံတိုကျိုမြို ရှီဘူရာမြိုတော်က ပါတီတွေကျင်းပနေကျမြိုလယ်ခေါင်ကို ရောက်ရှိသွားပါတော့တယ်။
*ရောက်တော့ Halloween ညကြီးမှာ ပြန်ဝင်စားတာ ????
အချိန်ကာလအားဖြင့်ဆိုရင် နှစ်နှစ်ထောင်လောက်တောင်ကြာသွားပြီဖြစ်ပြီး လက်ရှိကမ္ဘာရဲ့အနေအထားကလည်း သူ့အတိတ်ဘဝနဲ့လုံးဝကွာခြားနေပါပြီ။
အဲဒီလိုနဲ့ အမတ်ကြီးခုံးမင်နဲ့ အိပ်မက်တွေအပြည့်နဲ့ အပျော်တမ်းအနုပညာရှင်မလေး Eiko တိုတွေ့ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘာဆိုဘာမှမတူတဲ့ သူတိုနှစ်ဦးကြားမှာ ထင်မှတ်မထားတဲ့ friendship တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်။
Eiko ဆိုတဲ့ကလေးမလေးဟာ ခုံးမင်အတွက် ထူးဆန်းတဲ့ကမ္ဘာသစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို မြိုပြဘဝရဲ့ဗဟုသုတတွေရှိနေပြီး ခုံးမင်ကလည်း Eiko-san လေးရဲ့အိပ်မက်တွေတကယ်ဖြစ်လာဖို သူ့ရဲ့ဗျူဟာတွေကိုအသုံးချကူညီပေးမှာပါ ။
Review အနေနဲ့ပြောရရင်တော့ ပုံမှန် isekai ကားတွေနဲ့မတူဘဲ mixed culture သဘောမျိုးဖြစ်နေတာမို တစ်မျိုးဆန်းပြီးကြည့်ကောင်းမှာတော့ အသေအချာပါပဲ ။
ဂန္တဝင်မြောက်စစ်သူကြီး ခုံးမင်တစ်ယောက် modern ခေတ်မှာ ဘာတွေဘာ်လိုအလွဲတွေလုပ်မလည်းဆိုတာကို ကြည့်ရမှာဖြစ်ပါတယ် ။
မြန်မာစာတန်းထိုးလေးကိုကျွန်တော်တို့ MKmoviesmm & SenpaiAnimeMM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။
Resolution - 1080p
Subtitles - Myanmar Subtitles
Translator - Eve
Encoder - KilluaZoldyck
MKmoviesmm & SenpaiAnimeMM Presents .