Ongoing
The Greatest Demon Lord Is Reborn as a Typical Nobody (2022)
The Greatest Demon Lord Is Reborn as a Typical Nobody (2022)

The Greatest Demon Lord Is Reborn as a Typical Nobody (2022)

ဇာတ်လမ်းအကျဉ်း - သမိုင်းမှာ စွမ်းအားအကြီးဆုံး နတ်ဆိုးဘုရင် Varvatos ဟာ ဘုရင်တစ်ပါးအနေနဲ့ သူလုပ်နိုင်သမျှ အားလုံးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ 

သူ့ရဲ့အာဏာနဲ့စွမ်းအားကြောင့် အထီးကျန်နေတဲ့ Varvatos ဟာ ရိုးရှင်းတဲ့ဘဝတစ်ခုကိုသာ လိုချင်ခဲ့ပါတယ် ။

ဒီလိုနဲ့ နှစ်ဆယ်ပေါင်းအနည်းငယ်ကြာပြီးတဲ့နောက် ရွာတစ်ရွာမှာ Ard Meteor ဆိုတဲ့ ရွာသားလေးတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ် ။

ဒါပေမဲ့ သူမွေးဖွားလာတဲ့ အနာဂတ်မှာ မှော်ပညာယဉ်ကျေးမှု မထွန်းကားတော့ဘဲ မှော်ပညာဟာလည်း ‌အားနည်းပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ ။


Ard ဟာ သူ့ငယ်သူငယ်ချင်း Ireena နဲ့ မှော်ပညာအကယ်ဒမီကျောင်းမှာ သွားရောက်ပညာသင်ကြားခဲ့ပါတယ် 

။ 

Ard ဟာ သူ့ရဲ့ဇာစ်မြစ်ကို ဖုံးကွယ်ပြီး ထုံအချင်ယောင်ဆောင်ဖို ကြိုးစားခဲ့ပေမဲ့ သူဟာသာမန်လူသားမဟုတ်ဘူးဆိုတဲ့အချက်ကိုတော့ ဖုံးကွယ်လို မရခဲ့ပါဘူး ။

သူ့အကြောင်းကို စပ်စုချင်တဲ့သူတွေ သူ့ကိုလေးစားတဲ့သူတွေနဲ့ Ard ဟာ ဝိုင်းဝိုင်းလည်နေပြီး သူ့ကိုချဉ်းကပ်ဖို ကြိုးစားနေတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ 

အဲဒီအချိန်မှာပဲ တစ်ချိန်က လူတွေရဲ့နှလုံးသားကို အကြောက်တရားတွေနဲ့ လွှမ်းမိုးထားခဲ့တဲ့ မိစ္ဆာတွေဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်စပြုလာပါပြီ ။

နတိဆိုးအရှင်သခင် ဟောင်းကြီး Ard ဟာ သူအမြဲလိုချင်တဲ့ ငြိမ်းချမ်းတဲ့ သာမန်ဘဝလေးကို ရရှိသွားမှာလားဆိုတာကိုတော့ ဒီကားလေးထဲမှာ စောင့်ကြည့်လိုက်ရအောင်နော် ။

ပုံမှန်မဟုတ်တဲ့ စွန့်စားခန်းတွေနဲ့ သူရဲကောင်းဆန်ဆန်ကျောင်းသားဘဝ fantasy လေးကို စတင်ကြည့်ရှုနိုင်ပါပြီ


Review အနေနဲ့ကတော့ main character ဖြစ်တဲ့ နတ်ဆိုးဘုရင်ကြီးဟာ သာမည လူသားလေးတစ်ယောက်အဖြစ်မွေးဖွားပြီး သာမာန်သူတွေလို သူငယ်ချင်းမိတ်ဆွေလိုချင်ကာ ရိုးရှင်းတဲ့ဘဝကိုတောင့်တတဲ့သူပါ ။

ခက်တာက သူ့ရဲ့စံနှုန်းက အရမ်းမြင့်နေတော့ သာမာန်လူတွေအတွက်က လုံးဝကို ရှောင်ဖယ်မယ့် လူစားမျိုးဖြစ်နေပါတယ် ။

အဲ့ကနေ ဆော်လေးနဲ့စပြီး သူငယ်ချင်းတွေဖြစ် မှော် အကယ်ဒမီလေးတက် ... သိချင်တူတူဆက်ကြည့်ကြစိုလိုပြောပြီး နိဂျုံးခုတ်လိုက်ပါတယ် ။????

Resolution - 1080p

Subtitles - Myanmar Subtitles

Translator - Eve

Encoder - KilluaZoldyck

MKmoviesmm & SenpaiAnimeMM Presents .

Duration:

Quality: HD

Rating: 0

6.3

Rating(1)