SPY x FAMILY (2022)
ဇာတ်လမ်းအကျဉ်း - Twilight ကကျွမ်းကျင်လှတဲ့ စပိုင်တစ်ယောက်ဖြစ်ပြီး သူက သူ့ဖောက်သည်ခိုင်းသမျှ မစ်ရှင်တွေကိုလည်း အကောင်းဆုံး အမြန်ဆုံးဖြေရှင်းနိုင်သူပဲဖြစ်ပါတယ် ။
ဒါပေမယ့်ကံမမျှော်လင့်ပဲ သူ့ရဲ့နောက်ထပ်မစ်ရှင်က ဂုဏ်သရေရှိကျောင်းတော်တစ်ခုထဲကို ထိုးဖောက်ဝင်ရောက်ဖိုပါပဲ ။
အဲ့အတွက် သူလိုအပ်တာက တစ်ပတ်အတွင်းမိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ရဖိုပါ ။
ကံကောင်းထောက်မစွာနဲ့ သူဟာချစ်ဖိုကောင်းပြီး ဘယ်သူကမှမလိုချင်ခဲ့တဲ့ မိဘမဲ့ကလေးမလေးတစ်ယောက်ကိုရ(မွေးစား)ခဲ့ပါတယ် ။
ဒါပေမယ့် အဲ့ကလေးမလေးဟာ စိတ်စွမ်းအားရှင်ဖြစ်လိုနေခဲ့ပါတယ် ။
နောက်ပြီးသူဟာလည်း အနိုင်ကျင့်ခံရတဲ့အိမ်ဖော်မလေးတစ်ယောက်နဲ့တိုက်မိပြီး Twilight ဟာသူမနဲ့လက်ထပ်လိုက်ပါတယ် ။
ဒါပေမယ့် အဲ့မိန်းကလေးဟာ လုပ်ကြံသတ်ဖြတ်ရေးလူသတ်သမား (assassin)တစ်ဦးဖြစ်နေခဲ့ပါတယ် ။
ဒါ့အပြင်ကလေးမကလည်း စိတ်စွမ်းအားရှင်ဖြစ်နေတဲ့အတွက်ကြောင့် သူတိုနှစ်ယောက်လုံးဟာ ဘာတွေလည်းဆိုတာ သိလိုနေခဲ့ပါတယ် ။
အဲ့နောက်ပိုင်း သူတိုမိသားစုလေးဘာတွေဆက်ဖြစ်ကြမလဲ...
Twilight ကပဲ သူမွေးစားထားတဲ့သမီးလေးက စိတ်စွမ်းအားရှင်ဆိုတာကိုသိသွားမလား...
သူ့မိန်းမက assassin ဆိုတာကိုပဲသိသွားမှာလား...
သူတိုမိသားစုလေးရဲ့စွန့်စားခန်းလေးကရောဘာတွေဆက်ဖြစ်မလဲ...
Twilight ရဲ့မစ်ရှင်ကပဲအောင်မြင်သွားမှာလား...
ဆိုတာကို April 9 ရက်နေ့ထွက်လာမှ အတူတူကြည့်ပြီးရင်ခုန်ကြတာပေါ့ဗျာ ။
Review အနေနဲ့ကတော့ အရမ်းကြီးပြောစရာမလိုတော့ဘူးဗျ ။
ဒီ Spy x Family လေးက Manga မှာ 2021 အတွင်း အတော်လေးနာမည်ရလာပြီး အရမ်းလည်းစိတ်ဝင်စားဖိုကောင်းတဲ့ series လေးပါ ။
Anime လေးပါထွက်လာပြီဆိုတော့ ကြည့်ဖိုအသင့်ပဲပေါ့ဗျာ ။
မြန်မာစာတန်းထိုးလေးကိုကျွန်တော်တို့ MKmoviesmm & SenpaiAnimeMM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။
Resolution - 1080p
Subtitles - Myanmar Subtitles
Translator - Mai
Encoder - KilluaZoldyck
MKmoviesmm & SenpaiAnimeMM Presents .