Hunter x Hunter (2011)
Synopsis - ဇာတ်လမ်းအကျဉ်းလေးကတော့ Whale Island (ဝေလငါးကျွန်း) မှာနေထိုင်တဲ့ ကောင်ကလေး Gon Freecss ဟာ သူ့ရဲ့အဖေဖြစ်သူ pro hunter တစ်ဦးဖြစ်တဲ့ Gin Freecss ကိုအရမ်းတွေ့ချင်တော့ အဖေ့ခြေရာအတိုင်းပဲ အသက် 12 နှစ်ပြည့်တဲ့အချိန်မှာ ကျွန်းပေါ်က ငါးမိစ္ဆာကြီးကိုဖမ်းပြပြီး သူ့အဒေါ်ဖြစ်သူ Moto San ဆီကနေ တရားဝင် ခွင့်ပြုချက်ကိုရယူကာ Hunter Exam ကိုဖြေပြီး အဖေ့ကိုရှာဖိုအတွက် ဝေလငါးကျွန်းကြီးကို ထွက်ခွာလာခဲ့ပါတယ် ။Hunter Exam ဖြေဆိုရင်း သူငယ်ချင်း အသစ်တွေဖြစ်တဲ့ KilluaZoldyck , Kurapika နဲ့ Leorio တိုနဲ့ခင်မင်ခဲ့ပါတယ် ။Hunter Exam ကို သူတိုတစ်တွေအောင်သွားကြမှာလား ...ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလည်း ...သူ့ရဲ့ အဖေဖြစ်သူ Gin နဲ့ပက်သက်ပြီးတော့ကော ဘယ်လိုသဲလွန်စတွေရမလည်း ဆိုတာကတော့ ... ဇာတ်လမ်းလေးမှာပဲ အတူတူ ဆက်လက်ပြီးကြည့်ရှုကြဖိုတိုက်တွန်းပေးလိုက်ပါတယ်ဗျ ။Review - ဒီ HxH ဇာတ်လမ်းလေးကတော့ Yoshihiro Togashi ရဲ့ Manga ကနေ 2011 မှာ စတင်ပြသပေးခဲ့တဲ့ အရမ်းကိုလူကြိုက်များပြီး အတော်လေးပေါက်ခဲ့တဲ့ series လေးဖြစ်ပါတယ် ။ Author ကြီး Yoshihiro Togashi ကတော့ လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးကြောင့် Manga Chapter 390 ကို November 26 ရက် 2018 မှာ ထုတ်လွှင့်ပြီး ရပ်နားထားခဲ့တာ လက်ရှိမှာ new chapter မထွက်သေးတာ ၃ နှစ်ကျော်သွားခဲ့ပါပြီ ။ ဒါကြောင့် HxH anime series ဟာလည်း episode 148 ကို 2014 မှာပြသပြီးစီးခဲ့ပြီး အပိုင်းသစ်မထွက်ပဲ တစ်ခန်းရပ်သွားခဲ့ပါတယ် ။ Anime Episode 148 ဟာ Manga Chapter 339 ဆိုတော့ Anime New Season အတွက် ကုန်ကြမ်းဟာမလုံလောက်သေးပါဘူး ။ လက်ရှိ Fans တွေကတော့ Author ကြီးကိုပဲ ကျန်းမာရေးမြန်မြန်ကောင်းပြီး အပိုင်းသစ်ဆက်လာမှာကိုပဲ မျှော်နေကြရပါတယ် ။ဒီ series လေးကတော့ Shounen အမျိုးအစားကြိုက်တဲ့ သူတွေအတွက်အတော်လေးကောင်းပြီး ကြည့်င့်တဲ့ series တစ်ခုပါ ။ကျွန်တော့်အနေနဲ့ကတော့ ဒီ series လေးဟာ အတွေးအခေါ်ပိုင်းကို အတော်လေး ဦးစားပေးအလေးထားထားတာကို တွေ့ရမှာဖြစ်ပါတယ် ။Character အချင်းချင်း မိမိတိုရဲ့ Nakama တွေအပေါ် နားလည်မှုတွေ ၊ ဇာတ်ကောင်တစ်ဦးချင်းရဲ့ စိတ်သဘောထားတွေ ၊ ခံယူချက်တွေဟာ တစ်ခြား Shounen series တွေနဲ့မတူပဲ အတော်လေး realistic ဆန်တာကို တွေ့ရတယ်ဗျ ။ကြည့်ရှုဖိုအလွန်ကောင်းတဲ့ series လေးတစ်ခုဖြစ်မယ်လို မျှော်လင့်မိပါတယ်ဗျ ။*အပိုင်းသစ်မထွက်တာကိုပဲတစ်ကယ်နှမြောတာပါဗျာ ၊ တစ်ကယ့် ဇာတ်လမ်းက အခုကစမှာကို 'ဆင်ပြောင်ကြီး အမြီးရောက်မှတစ်' ဆိုသလိုပဲ ဒီ series ကတော့ ခါးလယ်နဲ့တင်တစ်သွားတာပဲဗျာ ။ကျွန်တော်တို MKmoviesmm ကနေမြန်မာဘာသာသို ပြန်ဆိုတင်ဆက်ပေးထားပါတယ်ဗျ ။Resolution - 1080p BD Blu-RaySubtitles - Myanmar SubtitlesTranslator - Nay Lin TharEncoder - KilluaZoldyckMKmoviesmm Presents .
Genre: Drama , Action & Adventure , Animation
Actor: Megumi Han , Mariya Ise , Miyuki Sawashiro , Keiji Fujiwara , Daisuke Namikawa , Banjo Ginga , Rikiya Koyama , Chisa Yokoyama
Director: Hiroshi Koujina
Writer:
Country: JP
Release: 2011-10-02
Duration: 24 min
Quality: HD
Rating: 0
8.8
Copyright 2021 @ MKMOVIES