Direct Stream
Dragon Ball Super: Broly
Dragon Ball Super: Broly

Dragon Ball Super: Broly



Review and Synopsis

ဒီဇာတ်ကားလေးကတော့ စကြဝဠာမှာအကြမ်းဆုံးသက်ရှိတွေဖြစ်ကြတဲ့ Saiyan မျိုးနွယ်ထဲကမှ သူရှိမှန်းဘယ်သူမှမသိကြတဲ့ Saiyan တစ်ဦးဖြစ်တဲ့ BROLY အကြောင်းရိုက်ကူးထားတဲ့ကားပါ ။

လက်ရှိ Dragon Super Series အချိန်ကနေလွန်ခဲ့တဲ့ နှစ်ပေါင်း 36 နှစ်မှာ Vegeta ဂြိုလ်ကြီးဟာ ဥက္ကာပျံနဲ့တိုက်ပြီး ပျက်ဆီးပြီး Saiyan တွေမျိုးတုန်းသွားတယ် ။ 

*အမှန်က Freiza ဖျက်ဆီးလိုက်တာပါ ။

Vegeta နဲ့ Goku တို့အပြင် ကပ်ဘေးကလွတ်မြောက်သွားတဲ့ Saiyan သားအဖနှစ်ယောက်ရှိနေခဲ့တယ် ။

*Vegeta နဲ့ Raitz (Goku ရဲ့အကို)တို့က တစ်ခြားဂြိုလ် သွားသိမ်းနေလို့ လွတ်သွားတယ် ။

*Goku ကတော့ သူ့ရဲ့အဖေက စိတ်ထင့်နေလို့ဆိုပြီး ကမ္ဘာဂြိုလ်ကိုပို့ပေးလိုက်တယ် ။

*Saiyan သားအဖနှစ်ယောက်ဖြစ်တဲ့ ဗိုလ်ကြီး Paragus နဲ့ သူ့သား Broly တို့ကတော့ Broly ဟာ Vegeta ထက်ပိုပြီး အလားအလာကောင်းတဲ့စစ်သည်တော်ဖြစ်နေလို့ဆိုပြီး Vegeta ရဲ့အဖေ ဘုရင်ကြီး Vegeta က လုံးဝခြောက်ကပ်နေတဲ့ Vampa ဂြိုလ်ကိုနယ်နှင်လိုက်တယ် ။

အဲ့တော့သူ့အဖေ Paragus ကလည်း သူ့သားလေးနောက်ကိုလိုက်သွားတယ် ။

သားဖနှစ်ယောက်က Vampa ဂြိုလ်ပေါ်မှာသောင်တင်သွားတယ် ။

အဲ့လိုနဲ့ Saiyan တွေနေတဲ့ဂြိုလ်လည်းပျက် Saiyan တွေလည်းအကုန်သေတာကို မသိတဲ့ ဒီသားဖနှစ်ယောက်ဟာ ဘယ်သူမှမသိတော့ဘဲ နှစ်ပေါင်း 36 နှစ်လုံး Vampa ဂြိုလ်ပေါ်မှာသောင်တင်နေခဲ့တယ် ။

ဇာတ်လမ်းကတော့ ဒီသားဖနှစ်ယောက်‌ကို Freiza ရဲ့လက်အောက်ခံတွေတွေ့ရာကစတာပဲ ။

သိချင် ကြည့်ကြတော့ ... မရေးနိုင်တော့ဘူး ။

Son Goku ရဲ့ ကမ္ဘာပေါ်ကိုဘယ်လိုကြောင့်ရောက်ခဲ့တာရယ် Saiyan တွေဘယ်လိုသေကုန်တာရယ်ကိုတွေ့ရမှာဖြစ်ပါတယ် ။

Super Power နဲ့ Martial Art အမျိုးအစားဆိုတော့ Fighting တွေကြည့်ရတာတော့ရှယ်ပဲပေါ့နော့ ။


Translator - Zac

Ecoder - KilluaZoldyck